ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူ တစ်ရက်လျှင် ၇၀၀ ဦးမှ ၁၀၀၀ ဦးခန့်ဝင်ရောက်ဖူးမြှော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူ တစ်ရက်လျှင် ၇၀၀ ဦးမှ ၁၀၀၀ ဦးခန့်ဝင်ရောက်ဖူးမြှော်



MNP - စက်တင်ဘာ  ၂၃


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ယခုတစ်ပတ်အတွင်း မြန်မာပြည်အရပ်ရပ်မှဘုရားဖူးလာရောက်သူများပြားလာနေကြောင်း ဟိုတယ်နှင့် ခရီး သွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှသိရသည်။


ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသသို့ ဘုရားဖူးမြှော်ခွင့်ကို ကိုဗစ်-၁၉ ရောဂါမြန်မာ ပြည်စတင်ကူးစက်ချိန်မှစတင်ပြီး ပုဂံဒေသရှိဘုရားများဖူးမြှော်ခွင့်၊ လေ့လာခွင့်ပိတ်ထားခဲ့ရာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်ပြီး၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ဂေါပကအဖွဲ့ထားရှိသည့်ဘုရား ၁၉ဆူအပါအဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိဘုရား၊ စေတီ၊ ပုထိုး၊သာသနိက အဆောက်အဦများ ကိုဗစ်-၁၉ရောဂါစည်း ကမ်းချက်များနှင့်အညီ ပြန်လည်ဖူးမြှော်ခွင့်ပြုခဲ့ ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။ယခု ရက်ပိုင်း ဘုရားဖူးတွေ အတော်များလာတယ်၊ဟဲဟိုး၊ တကောင်း၊ တောင်ကြီး၊ ဟိုပုံး၊နတ် မောက်၊မကွေး၊ ပဲခူး၊ ပခုက္ကူ၊ ကျောက်ပန်းတောင်း၊ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စတဲ့ မြို့တွေကနေလာရောက်ကြကြောင်း၊ ပုဂံ-ညောင်ဦးသို့လာရောက်ဘုရားဖူးရင်း ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပား-တောင်ကလပ်သို့ လည်း တဆက်တစပ်တည်း ဝင်ရောက်သွားကြကြောင်း၊ ပုဂံဒေသမှာ သမိုင်းဝင်အထင်ကရ ဘုရားများဖြစ်တဲ့ တုရင်တောင်စွယ်တော် မြတ်စေတီ၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ ရွှေဆံတော်၊ ထီးလို မင်းလို၊ ရွှေစည်းခုံ၊ မနုဟာ၊ အာနန္ဒာ၊ ဗူးဘုရား၊အလိုတော်ပြည့်၊ ကျောက်ဂူဉမင်၊ ပြဿကြီး ဘုရား၊ သဗ္ဗညုဘုရားနှင့်ကန်တော့ ပလ္လင်ဘုရားများသို့လာရောက်ဖူးမြှော်သူ ၇၀၀ ဦးမှ ၁၀၀၀ ဦးအထိလာရောက်ကြပြီး စနေ၊ တနင်္ဂနွေရက်များတွင် ၁၀၀၀ ဦးကျော်လာရောက်လေ့လာ ဖူးမြှော်ကြကြောင်းသိရသည်။ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးပြည်သူများသည် သမိုင်းအထင်ကရ ဘုရားများအပြင် ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ သာသနိကအဆောက်အဦ၊ စေတီပုထိုး၊ ဘုရားများရှိ နံရံဆေးရေးပန်းချီများကိုလည်းစိတ် ဝင်စားမှုမြင့်တက်လာကြောင်း ယခုရက်ပိုင်း လိုမျိုးဘုရားဖူးများလာရောက်ခဲ့ပါက ဈေး ဆိုင်များ၊ မြင်းလှည်းအငှားလိုက်သမားများ၊ အီးဗိုက် ငှားစားသူများ၊ တုတ်တုတ်ခေါ်သုံးဘီးအငှားသမားများ၊ ဗူးဘုရားမြစ်ဆိပ်စက်လှေအငှားလိုက် သူများပြန်လည်အဆင်ပြေလာနိုင်ကြောင်း စက်လှေအငှားလိုက်သည့် ဦးမောင်စိုးက ရှင်းပြသည်။


သတင်း - ကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)