နမ့်စန်တွင် လူထုအခြေပြုငှက်ဖျားရောဂါကာကွယ်ရေး စီမံကိန်းမြို့နယ်အဆင့် အသိပေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်တွင် လူထုအခြေပြုငှက်ဖျားရောဂါကာကွယ်ရေး စီမံကိန်းမြို့နယ်အဆင့် အသိပေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ




MNP - စက်တင်ဘာ   ၂၃


ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြန်မာနိုင်ငံကြက်‌ခြေနီအသင်း၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် အမျိုးသား ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့တို့ပူးပေါင်း၍ UNOPS/GF RAI 3E ရန်ပုံငွေအထောက်အပံ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ‘လူထုအခြေပြု ငှက်ဖျားရောဂါ ကာကွယ်ရေးစီမံကိန်း’မြို့နယ်အဆင့် အသိပေးညှိနှိုင်းဆွေးနွေးပွဲ ( Township Coordination Meeting )ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန( Community Centre) တွင် ယ မန်နေ့ နံနက် ၁၀နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး ဦးအယ်လ်လီဇာက ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း လူထုအခြေပြုငှက်ဖျားရောဂါကာကွယ်ရေး စီမံကိန်း ပြည်နယ်ရုံးဝန်ထမ်း Project Officer ဒေါ်နန်းကြည်ကြည်မေက စီမံကိန်း ရည်ရွယ်ချက်၊ မြို့နယ်အတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ အဓိကစီမံချက်လုပ်ငန်းများ၊ လအလိုက်လုပ်ငန်းများ လျာထားမှုနှင့် ဆောင်ရွက်နိုင်မှု၊ ကြုံတွေ့ရသော အခက်အခဲများနှင့် တောင်းခံလိုသော အကူအညီများကို ရှင်းလင်းပြောကြားခဲ့ပြီး  တက်ရောက်လာသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။


အဆိုပါ ဆွေးနွေးညှိနှိုင်းပွဲကို နံနက် ၁၀နာရီမှ နေ့လည် ၁၂ နာရီအထိ ဆောင်ရွက်ခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းလူထုအခြေပြုငှက်ဖျားရောဂါ ကာကွယ်ရေးစီမံကိန်း နမ့်စန်မြို့နယ် ဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့်  ဖိတ်ကြားထားသော အမျိုးသား အမျိုးသမီး စုစုပေါင်း ၃၅ ဦး ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - သူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)