မိုင်းရယ်မြို့တွင် ပြည်သူများသက်သာချောင်ချိရေးအတွက် အသားငါးနှင့်ဟင်းသီးဟင်းရွက်များ ချိုသာသောနှုန်းထားဖြင့်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရယ်မြို့တွင် ပြည်သူများသက်သာချောင်ချိရေးအတွက် အသားငါးနှင့်ဟင်းသီးဟင်းရွက်များ ချိုသာသောနှုန်းထားဖြင့်ရောင်းချပေး



MNP - စက်တင်ဘာ   ၂၇


လားရှိုးခရိုင်၊ မိုင်းရယ်မြို့တွင် ပြည်သူများသက်သာချောင်ချိရေးအတွက် အသားငါးနှင့် ဟင်းသီးဟင်းရွက်များအား အမှတ်(၃)လှုပ်ရှားစစ်ဗျုဟာမှ ဦးစီး၍ အမှတ်(၃၂၅)ခြေမြန်တပ်ရင်းမှ ချိုသာသော နှုန်းထားဖြင့်ရောင်းချပေး သက်သာချောင်ချိရေးအရောင်းဆိုင်အား ယမန်နေ့ နံနက် (၇)နာရီက မိုင်းရယ်မြို့မ ဈေးကြီးရှေ့တွင် ရောင်းချပေးခဲ့ပါသည်။


အဆိုပါရောင်းချနေမှုများတွင် ကြက်ဉ၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များနှင့် အခြေခံ စားကုန်များကို ဒေသခံများအနေဖြင့် ချိုသာသောနှုန်းထားများဖြင့် ဝယ်ယူရရှိနိုင်ရေး အတွက် ရောင်းချပေးလျက်ရှိပါသည်။ ပြည်သူများသက်သာချောင်ချိရေးအတွက် အသားငါးနှင့် ဟင်းသီး ဟင်းရွက်များအား အပတ်စဉ် တနင်္လာနေ့တိုင်း မိုင်းရယ်မြို့မဈေးကြီးရှေ့တွင် ရောင်းချပေး လျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)