(၅၈)နှစ်မြောက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၅၈)နှစ်မြောက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေးပြုလုပ်

 



MNP - စက်တင်ဘာ   ၂၇


(၅၈)နှစ်မြောက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းခရိုင်/ မြို့နယ်ရဲတပ်ဖွဲ့ဝင်များသည် ပိုးတန်းရပ်ကွက်ရှိ သမိုင်းဝင်ထူပါရုံ မြတ်စွာဘုရားကြီးပရဝုဏ်နှင့် အနီးဝန်းကျင် နေရာများတွင်စက်တင်ဘာ(၂၇)ရက်၊ နံနက်(၈)နာရီက ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး ထွန်းအောင်ကျော် ဦးစီး၍ ရဲတပ်ဖွဲ့ဝင်(၄၀)ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူး လှလွင် ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်(၃၈)ဦး၊ အမှတ်(၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ၊ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ဦးဆောင်၍ တပ်ဖွဲ့ဝင်(၁၆) ဦး၊ ခရိုင်/ မြို့နယ် ရဲတပ်ဖွဲ့မှူးများ၏ ဇနီးများဦးဆောင်၍ မိသားစုဝင်(၄၈)ဦးတို့က ဘုရားကြီးပရဝုဏ်နှင့် အနီးပတ်ဝန်းကျင်နေရာများတွင် ခြုံနွယ်ပိတ်ပေါင်းမြက်များ၊ ရေစီးရေလာ ကောင်းမွန်ရေး ရေနုတ်မြောင်းများကို စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။


ခရိုင်/ မြို့နယ်ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုသောအားဖြင့် သမိုင်းဝင်တန်ခိုးကြီးဘုရားများ၊ ဆေးရုံ/ ဆေးခန်းနှင့် စာသင်ကျောင်းများ အချက်အခြာကျသည့် လမ်းဘေး ဝဲ/ ယာ နေရာများကိုလည်း စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)