MNP ၊ စက်တင်ဘာ ၂၃
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့မဈေး၌ စားသောက်ကုန်ပစ္စည်းအရောင်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ယမန်နေ့က စားသုံးသူရေးရာဦးစီးဌာနနှင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့က သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပုဏ္ဏားကျွန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်အေးနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့က စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် စားသောက်ကုန် ပစ္စည်းအရောင်ဆိုင်များအား ကုန်ပစ္စည်းအမျိုးအမည်၊ ကုန်စည်အမှတ်တံဆိပ်၊ ကုန်ပစ္စည်း အရွယ်အစားနှင့်အရေအတွက်၊ ထုတ်လုပ်သည့်နိုင်ငံ၊ တင်သွင်းသူအမည်၊ ထုတ်လုပ်သည့် ရက်စွဲနှင့်သက်တမ်းကုန်ဆုံးမည့်ရက်စွဲများပါရှိခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment