ရသေ့တောင်မြို့၌ မြေပြင်လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံမှန်ကန်ရေးကွင်းဆင်း တိုက်ဆိုင်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ မြေပြင်လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံမှန်ကန်ရေးကွင်းဆင်း တိုက်ဆိုင်စစ်ဆေး





MNP ၊ စက်တင်ဘာလ ၂၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များတွင်ဆောင်ရွက်ခဲ့သည်။ 

ထိုသို့ဆောင်ရွက်ရာတွင် မြိုနယ်ထွေ‌ထွေအုပ်‌ရေးဦးဌာနမှစာရေးများ၊လူဝင်မှုကြီးကြပ်‌ရေးဦးဌာနမှဝန်ထမ်းများ၊မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ အဖွဲ့များခွဲကာ မြို့ပေါ်(၄)ရပ်ကွက်များရှိ အခြေခံလူ ဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းများကို ဆောင်ရွက် ခဲ့ကြကြောင်းသိရှိရသည်။ 


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)