ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေး ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေး ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



MNP - စက်တင်ဘာ   ၃၀


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၇)ရပ်ကွက် ပင်လုံလမ်းရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက “ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း စစ်ကြောင်းကြီး ငါးကြောင်းစုပေါင်း၍ အပတ်စဉ်စနေနေ့တိုင်း သန့်ရှင်းရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်သွားရန်၊ ရာသီအကူးအပြောင်းတွင် အဖြစ်များသည့် တုပ်ကွေးရောဂါမှ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲရောဂါများ မဖြစ်ပွားစေရေး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့်အညီ ဝန်ထမ်းများ နေထိုင်ကြရန်၊  Mask Campaign များကို ဈေးများနှင့် လူစည်ကားသည့် လမ်းဆုံနေရာများတွင်  ပူးပေါင်းဆောင်ရွက်ကြရန်၊ အထူးသဖြင့် လုံခြုံရေး အထူးဂရုစိုက်ကြရန်နှင့် ဌာဆိုင်ရာများ မဖြေရှင်းနိုင်သည့် လုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း” ရှင်းလင်းပြောကြားသည်။


ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်မှ ၁၉-၉-၂၀၂၂ ရက်နေ့ ထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး တို့မှ လုပ်ငန်းများ ဆောင်ရွက်မှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ ၃ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း - မြင့်မြင့်ရီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)