ညောင်ဦးမြို့နယ် ကွမ်းတောင်မတဲတိုက်တွင် သောက်သုံးရေသိုလှောင်မည့် ရေဂါလံ ၄၅၀၀ ဆံ့ ရေအုတ်ကန်ဆောက်လုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် ကွမ်းတောင်မတဲတိုက်တွင် သောက်သုံးရေသိုလှောင်မည့် ရေဂါလံ ၄၅၀၀ ဆံ့ ရေအုတ်ကန်ဆောက်လုပ်



MNP - စက်တင်ဘာ   ၃၀


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းအုပ်စု၊ ကွမ်းတောင်မတဲတိုက်တွင် ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစွာ သိုလှောင်ထားနိုင်ရန်အတွက် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတအဖွဲ့လှူဒါန်းသည့် ရေဂါလံ ၄၅၀၀ ဆံ့သည့် ရေလှောင်ကန်တစ်ခုကို ယနေ့နံနက်မှစတင် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။


ညောင်ဦးမြို့နယ်သည် မိုးခေါင်ရပ်ဝန်းအပူပိုင်းဒေသတွင်ပါဝင်ပြီး ဆောင်းဦးပေါက် ရာသီမှစတင်ကာ သောက်သုံးရေခက်ခဲသည့်ကျေးရွာတွင် မြေသားမိုးရေလှောင်ကန်များ၊ မိုးရွာသွန်းချိန်တွင် မိုးရေကို သိုလှောင်ထားပြီး ရေးရှားပါးချိန်တွင် သုံးစွဲလေ့ရှိကြသည်။


ထန်းတောင်သူအများအပြား ထန်းလျက်ကျိုချက်ချိန် ရွာတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်သည့်အနေဖြင့် ယာတော၊ ထန်းတောထဲ ပြောင်းရွှေ့ထန်းလျက်ကျိုချက်ရာမှ ရွာအတွင်းသို့ပြန်လည်ပြောင်းရွေ့ခြင်းမရှိတော့ဘဲ နေထိုင်လာခဲ့ရာမှ အိမ်ခြေများလာကာ တဲတိုက်များဖြစ်ပေါ်လာပြီး အဆိုပါတဲတိုက်များတွင် သောက်သုံးရေအတွက် မြေသားရေလှောင်ကန်များ ဆယ်ယူသုံးစွဲကြသည်။ မိုးရွာသွန်းမှုများသည့်နှစ်များတွင် မြေသားရေလှောင်ကန်များရေဝင်ကာ သောက်သုံးရေအခက်အခဲ မရှိသော်လည်း မိုးရွာသွန်းမှုနည်းသည့်နှစ်များတွင် သောက်သုံးရေ ခက်ခဲမှုကြုံတွေ့ရကြောင်း ညောင်တိုတဲတိုက်မှ ထန်းတောင်သူ ဦးကိုနိုင်က ပြောသည်။


ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတအဖွဲ့အနေဖြင့် ညောင်ဦးမြို့နယ်တွင် သောက်သုံးရေရှားပါးသည့် ကျေးရွာများ၊ တဲတိုက်များအား ရေဂါလံ ၄၅၀၀ ဆံ့ရေအုတ်ကန်များ လှူဒါန်းပေးခြင်း၊ တစ်ဦးချင်း အလှူရှင်များ လှူဒါန်းလိုသည့် ရေအုတ်ကန်များကိုလည်းတစ်ဆင့် လှူဒါန်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ယခုလှူဒါန်းသည့် ရေအုတ်ကန်သည် အလျား ၁၂ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၆ ပေရှိကြောင်း၊ တောင်ဇင်းအုပ်စု၊ ကွမ်းဖလားကျေးရွာ၊ ကွမ်းတောင်မတဲတိုက်တွင် အိမ်ခြေ (၃၀)၊ လူဦးရေ (၈၀)ဦးနေထိုင်လျက်ရှိကြောင်း သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)