၂၀၂၂-၂၀၂၃ ခုနှစ် မြန်အောင်ခရိုင် ဆောင်းနေကြာစိုက်ပျိုးရေးစီမံကိန်းတာဝန် ပေးအပ်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂-၂၀၂၃ ခုနှစ် မြန်အောင်ခရိုင် ဆောင်းနေကြာစိုက်ပျိုးရေးစီမံကိန်းတာဝန် ပေးအပ်ပွဲ အခမ်းအနားကျင်းပ



 MNP - စက်တင်ဘာ   ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းနေကြာ စိုက်ပျိုးရေး စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်က မြန်အောင်မြို့နယ် ပညာရေးမှူးရုံး ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် မြန်အောင်ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေး ကြီးကြပ်မှု ကော်တီဥက္ကဋ္ဌ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်က အဖွင့်အမှာ စကားပြောကြားပြီး  ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းနေကြာစိုက်ပျိုးထုတ် လုပ်မှုအောင် မြင်ရေးအတွက် မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ အင်္ဂပူမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေးကြီးကြပ်မှုကော်တီဥက္ကဋ္ဌတို့အား စီမံကိန်း တာဝန်များ ပေးအပ် ခဲ့သည်။


အခမ်းအနားသို့ မြန်အောင်ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးကြီးကြပ်မှု ကော်တီ ဥက္ကဋ္ဌ မြန်အောင်ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးအောင်စိုး၊ အတွင်းရေးမှူး ဒုရဲမှူးကြီး မြင့်ကျော်၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးကျော်ကျော်လှိုင်၊ မြန်အောင်၊ကြံခင်း၊ အင်္ဂပူမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေး ကြီးကြပ်မှုကော်တီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။


မြန်အောင်ခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းနေကြာ စီမံကိန်း သီးသန့် စိုက်ဧက (၃၆၃၃၉)၊ သီးညှပ်စိုက်ဧက (၁၂၁၁၅) စုစုပေါင်းဧက(၄၈၄၅၄) စိုက်ပျိုးသွား မည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - ဝင်းဗိုလ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)