မိတ္ထီလာတပ်နယ်မှ ကျီတော်ကုန်းရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းများဖြင့် ဆက်လက် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာတပ်နယ်မှ ကျီတော်ကုန်းရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းများဖြင့် ဆက်လက် ရောင်းချပေး



MNP - စက်တင်ဘာ   ၃၀


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လမ်းညွန်ချက်ဖြင့် မိတ္ထီလာတပ်နယ်မှ အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား သက်သာသော ဈေးနှုန်းများဖြင့် ယနေ့နံနက်က ကျီတော်ကုန်းရပ်ကွက်တွင် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လမ်းညွန်ချက်ဖြင့် မိတ္ထီလာမြို့ အမှတ်(၉၉)ခြေလျင်တပ်မဌာနချုပ်၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ နယ် မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များက မိတ္ထီလာမြိုပေါ်ရှိ ရပ်ကွက်နေ ပြည်သူများအား အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရေး သက်သာသောနှုန်းထားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိသည်။ ထိုသို့ ရောင်းချရာတွင် ဆန်တစ်ပြည် ၁၅၀၀ ကျပ် ၊ စားအုန်းဆီ (၅၀)ကျပ်သား တစ်ဘူး ၂၈၀၀ ကျပ်၊  ကြက်ဥ တစ်လုံး ၁၈၀ ကျပ်၊ ဆားတစ်ထုပ် ၁၀၀ ကျပ်တို့ဖြင့် ရောင်းချပေးလျက်ရှိသည်။ ၎င်းအပြင် ဆီသွတ်ဘူး၊ အသားဘူး၊ သရက်သီးသနပ်ဘူး၊ ငါးပိကြော်ဘူးများနှင့် ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ အာလူး၊ ပဲထော  ပတ်၊ ဂေါ်ရခါးသီး၊ ခေါက်ဆွဲခြောက်တို့ကိုလည်း သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိသည်။ 


အဆိုပါ အခြေခံစားကုန်နှင့်ဟင်းသီးဟင်းရွက်များအား ရပ်ကွက်နေပြည်သူများအား သက်သာသော နှုန်းထားများဖြင့် လှည့်လည်ရောင်းချပေးနေမှုကို မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


 သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)