ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား ဇုန်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား ဇုန်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

 


MNP - စက်တင်ဘာ  ၂၇


၂၀၂၂ခုနှစ်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား ဇုန်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ ညနေ(၃)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။


ဖွင့်ပွဲ အခမ်းအနားတွင် ပြိုင်ပွဲဝင် အားကစားသမားများက ပြည်နယ်ဝန်ကြီးချုပ်အား အလေးပြုကြပြီး  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက  ယခုလို အသက်(၁၆)နှစ်အောက် ရှမ်းပြည်နယ် ဇုန်အလိုက် ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်အတွင်းရှိ ဒေသများအတွင်း ဘောလုံးအဆင့်အတန်း မြင့်မားရေး၊ မီးခဲပြာဖုံး လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ထူးချွန်ထက်မြက်ပြီး နိုင်ငံတော်မှ အားထားရမည့် အားကစား သမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစားနည်း တိုးတက်ပြန့်ပွားလာစေရန်၊ လူငယ်လူရွယ် အချင်းချင်း ချစ်ခင်စည်းလုံး ညီညွှတ်မှုရရှိကာ ကျန်းမာပြီးကြံ့ခိုင်သော လူငယ်များအဖြစ် ရှမ်းပြည်နယ်၏ အားကစား ကဏ္ဍ တိုးတက်လာစေရန် ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ယခုကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ် ဇုန်အလိုက် အသက်(၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲကို ရှမ်းပြည်နယ် တောင်ပိုင်းဇုန် မြို့နယ်များမှ ပထမ၊ ဒုတိယ၊ တတိယ ရရှိသော အသင်း(၃)သင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းဇုန်အတွင်းရှိ မြို့နယ်များမှ ပထမ၊ ဒုတိယ၊ တတိယရရှိသော အသင်း(၃)သင်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းဇုန်အတွင်းရှိ မြို့နယ်များမှ ပထမ၊ ဒုတိယ ရရှိသော အသင်း(၂)သင်း စုစုပေါင်းအသင်း(၈) သင်းဖြင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား အသက်(၁၆) နှစ်အောက် ဇုန်အလိုက် ဘောလုံးပြိုင်ပွဲကို ထပ်မံကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲကနေ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၆)နှစ်အောက် ဘောလုံးပြိုင်ပွဲအတွက် ရှမ်းပြည်နယ် လက်ရွေးစင် အားကစားသမားများကို ရွေးချယ်သွားမှာဖြစ်ပြီး ရှမ်းပြည်နယ်အတွက် အရည်အသွေးရှိသော လက်ရွေးစင် အားကစားသမားများဖြင့် စုဖွဲ့ပြီးပြိုင်ပွဲကို အဆင့်မှီစွာဖြင့် ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြိုင်ပွဲဝင် အားကစားသမားများက အားကစား သစ္စာအဓိဌာန် ရွတ်ဆိုကြပြီး ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ ၊ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြ၍ တောင်ကြီးမြို့ အ.ထ.က(၇)ဘင်ခရာအဖွဲ့နှင့် တောင်ကြီး Fitness Dance အဖွဲ့မှ ကပြဖျော်ဖြေပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးပြီး ပြိုင်ပွဲပထမနေ့ပွဲအဖြစ် ကျိုင်းတုံမြို့နယ် အသင်းနှင့် သိန္နီမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေး ကြကြောင်း သိရသည်။


အဆိုပါ ပထမနေ့ပွဲစဉ်တွင် သီန္နီမြို့နယ် အသင်းက (၃)ဂိုး(၂)ဂိုးဖြင့် အနိုင်ရပြီး ပြိုင်ပွဲကို စက်တင်ဘာ (၂၆)ရက်မှအောက်တိုဘာ(၅)ရက် အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲကို (၈)သင်း ပတ်လည်နှင့် တစ်ရက်လျှင် နှစ်ပွဲနှုန်းဖြင့် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မောင်မောင်သန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)