ပူတာအိုမြို့နယ် အောက်ဆန်ဂေါင်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကာလတို လူသုံးကုန် ထုတ်လုပ်မှုသင်တန်းအခမဲ့ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပူတာအိုမြို့နယ် အောက်ဆန်ဂေါင်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကာလတို လူသုံးကုန် ထုတ်လုပ်မှုသင်တန်းအခမဲ့ဖွင့်လှစ်




MNP - စက်တင်ဘာ  ၂၇


ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မန်စေကျေးရွာအုပ်စု၊ အောက်ဆန်ဂေါင်ကျေးရွာတွင် ဒေသခံပြည်သူများ ကိုယ်ပိုင် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်စေခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားစေရန်နှင့် အလုပ် အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အခမဲ့ဖွင့်လှစ်မည့် အသက်မွေးဝမ်းကျောင်း အထောက် အကူပြု ကာလတို လူသုံးကုန်ထုတ်လုပ်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီခွဲက ပူတာအိုမြို့နယ် အောက်ဆန်ဂေါင်ကျေးရွာ၌ ကျင်းပသည်။


အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မေညွှန့်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆွေလှိုင်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်း ကာလအတွင်း သင်တန်းသူများ လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားကာ အောက်ဆန် ဂေါင်ကျေးရွာ တာဝန်ခံ ဦးမင်ထုန်းဒီးက သင်တန်းဖွင့်လှစ်ပေးခြင်းအပေါ် ဝမ်းမြောက်ကြောင်း ပြောကြားသည်။


အဆိုပါ သင်တန်းတွင် လက်ဆေးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ပန်ကန်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ Coffee Scrub၊ ရေချိုးဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာ၊ Hand Gel၊ ဆပ်ပြာခရင်မ်နှင့် ဘက်စုံသုံးဆပ်ပြာ ထုတ်လုပ်နည်း (၁၀)မျိုးတို့ကို ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သုတေသနလက်ထောက် (၄) နည်းပြ ဒေါ်သိမ့်သိမ့်ကျော်နှင့် နည်းပြအကူများက စာတွေ့ ၃၀ ရာခိုင်နှုန်းနှင့် လက်တွေ့ ၇၀ ရာခိုင် နှုန်းဖြင့် စက်တင်ဘာလ (၂၆)ရက်မှ(၃၀) ရက်နေ့အထိ သင်တန်းကာလငါးရက်ကြာသင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသို့ အောက်ဆန်ဂေါင်ကျေးရွာမှ သင်တန်းသူ စုစုပေါင်း (၂၀)ဦးတို့အား အတတ်သင်ကြား ပို့ချပေး မည်ဖြစ်ကြောင်း သိရသည်။


 သတင်း - ဖုန်ကန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)