ပေါက်ခေါင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကျင်းပ

 


MNP - စက်တင်ဘာ   ၂၇


ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ လုံခြုံရေးတရားဥပဒေစိုးမိုးရေး အေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖွဲ့စည်း၍ ကျေးရွာများအရောက်ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့က ဗောဓိကုန်းကျေးရွာအုပ်စု၊ ဗောဓိကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။


အဆိုပါကျေးရွာပြည်သူများနှင့် တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအဖွဲ့များသည် ရပ်ရွာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး အေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုမြင့်မားရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အီးအမ်ဘိုကာရှီသဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း၊ အပင်ကိုင်းကူးကိုင်းဆက်စိုက်ပျိုးနည်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသကြက်များရောဂါကာကွယ်ရေးအတွက် ကြက်မျက်စဉ်းခပ်နည်းနှင့်နေဗီယာမြက်စိုက်ပျိုးနည်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆပ်ပြာဆီချက်လုပ်အသုံးပြုနည်းတို့ကို တက်ရောက်လာသည့်  ဒေသခံပြည်သူများအား လက်တွေ့သရုပ်ပြသ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)