ဘားအံမြို့ အမှတ်(၂) တပ်မတော်ဆေးရုံကုတင်(၁၀၀)တွင် တက်ရောက်ဆေးကုသမှုခံယူနေသူများအား အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့ အမှတ်(၂) တပ်မတော်ဆေးရုံကုတင်(၁၀၀)တွင် တက်ရောက်ဆေးကုသမှုခံယူနေသူများအား အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့

 


MNP - စက်တင်ဘာ  ၂၈


ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယ တိုင်းမှူးဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမှတ်(၂၂)ခြေလျင်တပ်မဌာနချုပ် ဒုတိယတပ်မမှူးနှင့်တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂)တပ်မတော်ဆေးရုံ ကုတင်(၁၀၀)သို့ သွားရောက်ပြီး ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများအား အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။


အမှတ်(၂) တပ်မတော်ဆေးရုံကုတင်(၁၀၀)သည် ကရင်ပြည်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားမိသားစုဝင်များနှင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသော ဆေးရုံတစ်ရုံဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သား၊ ရဲမေ၊ မိသားစုဝင်များနှင့် ပတ်ဝန်းကျင်ဒေသများမှ တက်ရောက်ဆေးကုသမှုခံယူနေသူများအား တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေး စကားပြောကြားကာ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူ စုစုပေါင်း ၇၀ ဦးအား ကြက်ဥ၊ ဘီစကစ်၊ ကွေကာအုတ်၊ နွားနို့ဘူး၊ PEP နို့မုန့်၊ ခေါက်ဆွဲခြောက် အစရှိသော အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အမှတ်(၂)တပ်မတော်ဆေးရုံကုတင်(၁၀၀)တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားပါရဂူများ၊ ဆရာဝန်များ၊ ဆေးမှူး၊ သူနာပြုနှင့်အကူဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို တပ်မှူးဗိုလ်မှူးနန်းဦးထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)