ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံခရိုင်ရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်မိသားစုများအား အခြေခံစားသောက်ကုန်များထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံခရိုင်ရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်မိသားစုများအား အခြေခံစားသောက်ကုန်များထောက်ပံ့

 




MNP - စက်တင်ဘာ   ၂၈


ကရင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်း တာဝန်များကို တပ်မတော်နှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိသော ဘားအံခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်၊ မိသားစုများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေး အပ်သည့်အခမ်းအနားကို နံနက်ပိုင်းက ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပသည်။


ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက  ရဲတပ်ဖွဲ့ဝင်များသည် ပြည်နယ်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို  တပ်မတော်နှင့်ပူးပေါင်း၍ တာဝန်ထမ်းဆောင်ကြရသူများ ဖြစ်ပြီး အမိန့်နှင့်တာဝန်ကို တိတိကျကျ ထမ်းဆောင်ကြရသူများဖြစ်သည့်အတွက် ယခုကဲ့သို့ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ နောက်နောင်တွင်လည်း ဆက်လက်ထောက်ပံ့ပေး သွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိသားစုဝင်များအနေဖြင့်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ကြဖို့လိုပြီး စည်းလုံးချစ်ခင် ညီညွတ်စွာဖြင့် နေထိုင်ကြဖို့လိုကြောင်း၊ လိုအပ်သည်များနှင့် အခက်အခဲများကို ရင်းနှီး ပွင့်လင်းစွာ တင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်တို့က ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအား ဆန် ၂၄ အိတ်၊ ဆီ ၉၃ ဘူးနှင့် ကြက်ဥ ၉၃၀ လုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဘားအံခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရဲထွန်းနိုင်က တပ်ဖွဲ့ဝင်မိသားစုများ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တပ်ဖွဲ့ဝင် မိသားစုများနှင့် တစ်ဦးချင်းရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)