ဝါးခယ်မမြို့နယ်၌ ကန်ထရိုက်လယ်ယာစနစ်ဖြင့် နွေစပါး၊ ပဲတီစိမ်းနှင့် နေကြာစိုက်ပျိုးနိုင်ရေး ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါးခယ်မမြို့နယ်၌ ကန်ထရိုက်လယ်ယာစနစ်ဖြင့် နွေစပါး၊ ပဲတီစိမ်းနှင့် နေကြာစိုက်ပျိုးနိုင်ရေး ဆွေးနွေးပွဲကျင်းပ




MNP - စက်တင်ဘာ   ၂၈


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရွှေခယ်သီရိအားကစားခန်းမ၌ ယမန်နေ့ မွန်လွဲ ၃ နာရီအချိန်တွင် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ချမ်းမြေ့ဇေယျာစိုက်ပျိုးရေး ကုမ္ပဏီလီမိတက်တို့ပူးပေါင်း၍ ဆန်စက်ပိုင်ရှင်များ၊ တောင်သူများနှင့် ကန်ထရိုက်လယ်ယာစနစ်ဖြင့် အထွက်ကောင်းမျိုး နွေစပါး၊ ပဲတီစိမ်းနှင့် နေကြာစိုက်ပျိုးရေး ဆွေးနွေးပွဲကျင်းပရာ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ချမ်းမြေ့ဇေယျာ စိုက်ပျိုးရေးကုမ္ပဏီလီမိတက် မန်နေးဂျင်းဒါရိုက်တာ ဦးကျော်ဝင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ တောင်သူများ၊ စုစုပေါင်းအင်အား (၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ ဆွေးနွေးပွဲအခမ်းအနားသို့ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက လက်ရှိဖြစ်ပေါ်နေသော တောင်သူများ၏ အခက်အခဲများ၊ ဆန်စပါးဈေးနှုန်းများ၊ အခြေခံလူတန်းစားများ၏ စားဝတ်နေရေး အခက်အခဲများ၊ ဆန်စက်ပိုင်ရှင်များနှင့် ပူးပေါင်း၍ အခြေခံလူတန်းစားများအား ဆန်အခမဲ့ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားခြင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ချမ်းမြေ့ဇေယျာ စိုက်ပျိုးရေးကုမ္ပဏီလီမိတက် မန်နေးဂျင်းဒါရိုက်တာ ဦးကျော်ဝင်းက ကန်ထရိုက် လယ်ယာစနစ်ဖြင့် နွေစပါး၊ ပဲတီစိမ်းနှင့် နေကြာစိုက်ပျိုးထုတ်လုပ်မည့်စီမံကိန်း၊ လျှာထားချက်နှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပြောကြားခြင်း၊ တက်ရောက်လာသော တောင်သူများက သိလိုသည်များ မေးမြန်းဆွေးနွေးရာ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)တာဝန်ခံ ဒေါ်ဖြူပြာလွင်က ရှင်းလင်းဖြေကြားခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


ဝါးခယ်မမြို့နယ်အတွင်း ကန်ထရိုက်လယ်ယာစနစ်ဖြင့် နွေစပါး(၃၀၀၀၀)ဧကနှင့် ပဲတီစိမ်း(၂၃၀၀၀) ဧကစိုက်ပျိုးရန် လျှာထားပြီး လယ်(၁)ဧကအတွက် သွင်းအားစု တန်ဖိုးအဖြစ် နွေစပါးစိုက်ပျိုးရာတွင် ငွေကျပ်(၂)သိန်းနှုန်း၊ လယ် ၁ ဧကအတွက် ပဲတီစိမ်းစိုက်ပျိုးရာတွင် ငွေကျပ်(၁.၂)သိန်းနှုန်းတို့အား နိုင်ငံတော်အစိုးရ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)