ပြည်မြို့နယ်၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများ လှည့်လည် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့နယ်၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများ လှည့်လည် ရောင်းချပေး




MNP - စက်တင်ဘာ   ၃၀


အဆိုပါ စားသုံးဆီများကို စားသုံးသူရေးရာဦးစီးဌာနမှ ကြီးမှူး၍ ပြည်မြို့နယ်အတွင်းရှိ  ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများအတွက် စားသုံးဆီ ၁ ပိဿာလျှင် ၅၄၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပြီး စုစုပေါင်း ပိဿာ ၆၆၀ ရောင်းချပေးခဲ့ကြောင်း သိရသည်။


စားသုံးဆီများကို  အခြေခံလူတန်းစားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ဈေနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရောင်းချပေးခြင်းဖြစ်ပြီး အလားတူ ပြည်ခရိုင်အတွင်းရှိ မြို့နယ်များမှ ဌာနဆိုင်ရာနှင့် အခြေခံလူတန်းစားများ နေထိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင်လည်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ကိုစိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)