ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်တွင် စစ်ကြောင်းကြီးငါးကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်တွင် စစ်ကြောင်းကြီးငါးကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

 



MNP - စက်တင်ဘာ   ၃၀


ဒေသခံပြည်သူများ၏ လက်ရှိကြုံတွေ့နေသော အခက်အခဲများ၊ မရှင်းမလင်းဖြစ်နေသည့် အချက်များကို သိရှိပြီး အမြန်ဆုံး ကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ချင်းပြည်နယ်၊ ဟားခါးမြို့ ၊ ဈေးသစ်ရပ်ကွက်ရှိ ခိုင်ကမ်းအားကစားရုံတွင် စက်တင်ဘာလ ၂၉ ရက်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကိုကို ဦးဆောင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီးငါး ကြောင်းတို့က ဟားခါးမြို့ ၊ ဈေးသစ်ရပ်ကွက်ရှိ ဒေသခံပြည်သူများ၏ နေအိမ်များသို့ တစ်အိမ် တက်တစ်အိမ်ဆင်း သွားရောက်ကြပြီး အိမ်ရှင်များနှင့်တွေ့ဆုံကာ ပညာရေး၊ ကျန်းမာရေး ၊ စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ မှတ်ပုံတင် ၊ အိမ်ထောင်စုစာရင်းနှင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးစသည့် ပြည်သူများ၏ လက်ရှိမြေပြင်အခြေအနေများနှင့် အခက်အခဲများကို တွေ့ဆုံမေးမြန်းကြပြီး ဌာနဆိုင်ရာ များမှ ပြည်သူများ၏ လိုအပ်အချက်များနှင့် စီစဉ်ဆောင်ရွက်ပေးရန် တင်ပြသည့်အချက်များကို ရှင်းလင်း ဆောင်ရွက်ပေးကြသည်။


ထို့နောက် ခိုင်းကမ်းအားကစားခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁ ) ၊ ဒုတိယဗိုလ်မှူးကြီး သက်နိုင်ဦး ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ မြို့နယ် သမဝါယမဦးစီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန ၊ မွေးမြူရေးဦးစီးဌာန ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနစသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ပြည်သူ့အကျိုး ပြုလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ဒေသခံပြည်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။


ယင်းနောက် ခိုင်ကမ်းအားကစားရုံတွင် ဌာနဆိုင်ရာအလိုက် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက် ပေးမည့်နေရာများထားရှိကာ ပြည်သူများအတွက် ချက်ချင်းဆောင်ရွက်ပေးနိုင်သည့် ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


 သတင်း - မောင်တက်လမ်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)