အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးအသိပညာပေးဆွေးနွေးပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးအသိပညာပေးဆွေးနွေးပွဲပြုလုပ်



MNP - စက်တင်ဘာ   ၂၃


လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကော့သောင်းခရိုင် လူမှုဝန်ထမ်းရုံးမှ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲအား ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းခန်းမတွင် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်နှင့်အညီ ပြုလုပ်ကျင်းပသည်။


ဆွေးနွေးပွဲတွင် ကော့သောင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ကြည်အေးက အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား အမျိုးအစားဆိုင်ရာ သိကောင်း စရာများ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေပါအကြောင်းအရာများ၊ အဆိုပါက လေးအလုပ်သမားများအား ဖယ်ရှားကုစားမှုလုပ်ဆောင်ချက် သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးပြောကြားပြီး ကော့သောင်းခရိုင်၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ကိုကိုက ကလေးအလုပ်သမား အဓိပ္ပါယ်နှင့် အသက်အရွယ်အပိုင်းအခြားဆိုင်ရာများ၊ ကလေးအလုပ်သမားများ အရွယ်မတိုင်မီ လုပ်ငန်းခွင် အတွင်း ရောက်ရှိလာရသည့်အ ကြောင်းအရင်းများနှင့် အလုပ်ချိန်ကန့်သတ်ချက် ဆိုင်ရာများ၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် နိုင်ငံတော်အနေဖြင့် ဆောင်ရွက်နေမှု အခြေအနေများအား အသီးသီးအသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြကြောင်း သတင်း ရရှိသည်။


သတင်း - ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)