လဲချားမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီး လူမှုရေးပင်စင်ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လဲချားမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီး လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်


MNP - စက်တင်ဘာ  ၂၃


ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင်၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယအကြိမ် အသက်(၈၅)နှစ်အထက် သက်ကြီးလူမှုရေးပင်စင် ငွေကြေးထောက်ပံ့ပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ထောက်ပံ့ပေးခဲ့ပါသည်။


ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာတွင် လဲချားမြို့နယ်အတွင်းရှိ  ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၉)အုပ်စုတို့မှ အသက်(၈၅)နှစ်အထက် သက်ကြီး လူမှု‌ရေးပင်စင် အကျိုး ခံစားခွင့်ရှိသူ(၁၀၈)ဦးရှိပြီး တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)ကျပ် စုစုပေါင်းကျပ် (၃,၂၄၀,၀၀၀) ကျပ်ကို မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမျိုးမှ ရပ်ကွက်/ကျေးရွာ အုပ်စု စာရေးဝန်ထမ်းများထံသို့ပေးအပ်ခဲ့ပြီး သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင်ရာ ရောက် လိုက်လံထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)