MNP ၊ စက်တင်ဘာ ၂၃
ယနေ့ ၂၃ - ၉ - ၂၀၂၂ ရက်နေ့နံနက်ပိုင်း ၄ နာရီခန့်က ဘူးသီးတောင်မြိုနယ်၊ စေတီတောင်တိုက်နယ်ဆေးရုံသို့ AA အဖွဲဝင်များ ရောက်ရှိလာပြီး ဆေးရုံတံခါးအား ရိုက်ဖျက်ဆီး၍ ဆေးပစ္စည်းများအား ခိုးယူသွားကြောင်း မေယုဌာနေသတင်း ဖော်ပြချက်အရ သိရသည်။
AA အဖွဲဝင်များခိုးယူသွားသည့်ပစ္စည်းများမှာ Hyundi 100 MA X-Ray Machine (၁)ခု၊ Locker ၁၅ လုံး၊ Operation Bed ၁ လုံး၊ Sport Light၊ Sanitizer (မီးသွေးတုံး) ၁ ခု၊ Cesarean Set ၁ ခု၊ 25 Horses Jiandong Machine ၁ လုံး၊ ဒိုင်နမို (10 KVA) ၁ လုံး၊ Patient's Bed ၁၅ လုံး၊ D&C set ၁ ခု၊ Air set( 5 litre) ၁ ခု၊ 0₂ Cylinder (40 Litre) ၁ ခု ပါဝင်ကြောင်း ဆေးရုံသုံးစာရင်းများအရ သိရသည်။
အလားတူ နံနက် ၇ နာရီခန့်က ကျောက်တော်မြိုနယ်၊ ဝပြန်ကျေးရွာတွင် အခြေပြုလှုပ်ရှားလျက်ရှိသော AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဗိုလ်ထွန်းစိုးနိုင် ပါဝင်သည့် လူ ၁၀ ဦးမှ အရပ်ဝတ်များ ဝတ်ဆင်ကာ လက်နက်ငယ်များ ကိုင်ဆောင်၍ ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ကျေးရွာအုပ်စု၊ ဝဲကြီးထောင့်ကျေးရွာရှိ ဝဲကြီးထောင့် တိုက်နယ်ဆေးရုံသို့ ရောက်ရှိလာပြီး ၎င်းတို့လူနာအင်အား ၃၀၀ ကျော် ဆေးကုရန် ရောက်ရှိလာမည်ဖြစ်၍ ကျန်းမာရေးဝန်ထမ်းများအား သေနတ်ပြမောင်းထုတ်ခဲ့ကြောင်း၊ ထိုသိုမောင်းထုတ်ခဲ့သဖြင့် ကျန်းမာရေးဝန်ထမ်းများ ကျောက်တော်မြိုနယ် ပြည်သူ့ဆေးရုံသို့ ပြေးခဲ့ရကြောင်း ကျန်းမာရေးဝန်ထမ်းများနှင့် နီးစပ်သူများထံမှ သိရှိရသည်။
ယမန်နေ့ည ၁၀ နာရီခွဲခန့်က မင်းပြားမြိုနယ်၊ ပန်းမြောင်းကျေးရွာရှိ အများပြည်သူဆေးကုသနေသော ၁၆ ခုတင်ဆန့်တိုက်နယ်ဆေးရုံသို့ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဝင်များ ရောက်ရှိလာပြီး ခွဲစိတ်ခန်းသုံးကုတင် ၁ လုံး၊ ခွဲစိတ်ကိရိယာတင် တွန်းလှည်း ၂ ခု၊ ခွဲစိတ်ခန်းသုံး ပိုးသတ်/ဆေးထည့် ပစ္စည်းတင်တွန်းလှည်း ၂ ခု၊ Ultrasound ရိုက်စက် ၁ လုံးနှင့် ) E C G ရိုက်စက် ၁ လုံး ဖြစ်ကြောင်း ဆေးရုံသုံးစာရင်းများအရ သိရသည်။
မျက်မြင်တွေ့ရှိသူဒေသခံတစ်ဦးမှ "လူတွေအများကြီးရွာထဲဝင်လာတာဆိုတော့ ဘာဖြစ်တာလည်းဆိုပြီး သွားလိုက်ကြည့်တာ။ အဲ့ရောက်မှ အနက်ရောင် အားကစားဝတ်စုံတွေနဲ့ မျက်နှာအဝတ်စည်းထားပြီး ဓားတွေနဲ့ ဆရာနဲ့ဆရာမကို ကြမ်းပြင်ပေါ်၌ မှောက်ခိုင်းထားတာတွေတယ်။ သူတို့ပါးစပ်ကလည်း ဘာသံမှ မထွက်နဲ့ အသံထွက်ပါက သတ်ပစ်မယ်လို ခြိမ်းခြောက်နေတာကြားရတယ်၊ မကြာဘူးသူတိုလူတွေ ကုတင်တွေ စက်တွေထမ်းပြီး ရွာရှေ့ဘက်ကိုထွက်သွားတာတွေ့လိုက်တယ်၊ ဒီမနက်မှသိရတာက AA လူနာတွေ ပုံနေလိုhယူသွားတာမှန်းသိရတယ်၊ ဒီကလူနာတွေ ကိုယ်ဝန်သယ်တွေအတွက်တော့ ဒုက္ခပဲ” ဟု ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များမှ ၎င်းတို ဒဏ်ရာရ လူနာများအား အရေးပေါ်ဆေးကုသရန်အတွက် ဆေးဝါးမရှိတော့သဖြင့် မြောက်ဦးမြို့ရှိ ပျားတဲဆေးရုံ၊ မင်းပြားမြို့ရှိ မင်းဖူးဆေးရုံတို့အား ဝင်စီးကာ ၎င်းတို့လူနာ ၁၂၀ ကျော်အား အတင်းအကြပ် ဆေးကုသခိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment