ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲသို့ ဝင်ရောက်မည့် အသင်းများအား ကြိုဆို မိတ်ဆက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲသို့ ဝင်ရောက်မည့် အသင်းများအား ကြိုဆို မိတ်ဆက်



MNP - စက်တင်ဘာ   ၂၃


၂၀၂၂ ခုနှစ်ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများအား ကြိုဆိုမိတ်ဆက်ခြင်းကို ယမန်နေ့ ညနေ (၄) နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။


ကြိုဆိုမိတ်ဆက်ခြင်း အခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ယခုလို ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို ရှမ်းပြည်နယ်တွင် အိမ်ရှင်အဖြစ် ပထမဦးဆုံးအကြိမ် လက်ခံကျင်းပခွင့်ရသည့်အတွက် ဂုဏ်ယူပါကြောင်းနှင့် ပြိုင်ပွဲဝင်အသင်းများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါကြောင်း၊ အိမ်ရှင်အဖြစ် လက်ခံကျင်းပရသည့် ရည်ရွယ်ချက်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ အားကစားသမား အသီးသီး၏ မတူကွဲပြားသော ကစားပုံ၊ ကစားဟန်များကို လေ့လာဖလှယ် နိုင်စေရန်၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်၊ ဒေသအသီးသီးက ပြိုင်ပွဲဝင်များ အနေဖြင့် ရှမ်းပြည်နယ်၏ ယဉ်ကျေးမှု ဓလေ့စရိုက် ဒေသန္တရ ဗဟုသုတများ လေ့လာခွင့်ရရှိစေရန် ရည်ရွယ်ပါကြောင်း၊ ယခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင် အသင်းများအနေဖြင့် “ မြန်မာ့ ဘိလိယက် လက်စွမ်းထက်၊ တိုးတက်ပြန့်ပွား ဒို့ကြိုးစား “ဆိုသည့် လေးနက်သော တိုးတက်မြှင့်မားရေးဆိုင်ရာ ခံယူချက်များကို အလေးအနက်ထား ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ဘက်စုံပြည့်စုံအောင် ကြိုးစားယှဉ်ပြိုင်သွားကြရန် ပြောကြားသည်။


ဆက်လက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲဝင် အသင်းများအား ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ စားစရိတ်နှင့် ပြိုင်ပွဲကျင်းပစရိတ် ငွေကျပ် သိန်း (၃၀) ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ ရှမ်းပြည်နယ်  အားကစားနှင့်ကာယပညာဦးစီးဌာန  ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့်  ကချင်ပြည်နယ် အားကစားနှင့်ကာယညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဌေးကိုတို့မှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြကြောင်း သိရသည်။


အဆိုပါ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်/စနူကာပြိုင်ပွဲကို စက်တင်ဘာလ (၂၂) ရက် မှ (၂၉) ရက်နေ့ အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် အသင်း (၁၃) သင်း ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း  သိရသည်။


သတင်း - မောင်မောင်သန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)