လှိုင်းဘွဲမြို့နယ်ပေါ်ရပ်ကွက်များအတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခံစားခွင့်ရှိသော သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ်ပေါ်ရပ်ကွက်များအတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခံစားခွင့်ရှိသော သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်




MNP - စက်တင်ဘာ   ၂၃


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယ (၃)လပတ်အတွက် လူမှုရေး ပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် သက် ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများကို ပေးအပ်လျက်ရှိရာ လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များအတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ ငွေများပေးအပ် ပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။


အဆိုပါလူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရင်းဝန်ထမ်းများက၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယ (၃)လပတ်အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် (က)ရပ်ကွက်တွင် အဘိုး(၉)၊အဘွား(၁၁)ဦး၊ (ခ)ရပ်ကွက်တွင် အဘိုး (၄)၊အဘွား (၁၀)ဦး၊(ဂ)ရပ်ကွက်တွင်အဘိုး(၆)ဦး၊ အဘွား(၄)ဦးနှင့် (ဃ)ရပ်ကွက်တွင် အဘိုး (၂)ဦး၊အဘွား(၃)ဦး စုစုပေါင်း အဘိုးအဘွား(၄၉)ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၄၇၀၀၀၀)ကို သက်ကြီးဘိုးဘွားများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။


သတင်း - စောဒိ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)