စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်း၌ အမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်း၌ အမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ





MNP ၊ စက်တင်ဘာ    ၂၂

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်း ၌ အမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ 

ထို့နောက် `အမှိုက်ခွဲခြားစွန့်ပစ်ရေး´ ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ဆက်လက်ကျင်းပရာ စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြဆရာ ဦးအေးကျော် က အမှိုက်စို၊ အမှိုက်ခြောက်များကို ခွဲခြားစွန့်ပစ်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့်အကြောင်းအရာများကို  ကျောင်းသား/ကျေင်းသူများ အသိပညာဗဟုသုတကြွယ်ဝစေရန်ပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)