MNP ၊ စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကင်းတပ်ဆည် ရွှေဘိုသွားမူးမြစ်ဘောင်လမ်းမကြီး ပျက်ဆီးနေသဖြင့် မှော်တော်ဆရာတော် ဦးဝါသဝ ဦးဆောင်၍ ကျေးရွာသားများ၏ လုပ်အားဖြင့် စုပေါင်း ပြုပြင်လျက်ရှိကြောင်း သိရသည်။
မူးမြစ်ဘောင်လမ်းမကြီး ပြုပြင်ရာတွင် ဗုတ်တော်ကျေးရွာအုပ်စု၊ ကမ်းဖြူကျေးရွာအုပ်စု၊ မြေထူးကျေးရွာအုပ်၊ ကံရိုးကျေးရွာအုပ်စု၊ ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ကြိုကြာကျေးရွာအုပ်စု၊ ထန်းကုန်းတိုက်နယ်အုပ်စု ပြည်သူ့စစ်အဖွဲ့များ အသီးသီး ရှိနေပြီး မှော်တော်ဆရာတော်မှ မူးမြစ်ဘာင်လမ်းမကြီးပြုပြင်ရန် မိန့်ကြားထားသဖြင့် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ စစ်ရေးအကူညီ အလွယ်တကူပေးနိူင်ရန်နှင့် ရဟန်းရှင်လူ သွားလမ်း လာလမ်း ရောင်းပန်း ဝယ်ပန်းအဆင်ပြေစေရန်အတွက် ပြင်ဆင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဆရာတော်က " ဒီလမ်းကိုပဲ ရွာပေါင်းများစွာက အသုံးပြုနေကြတာပါ။ ဒါကို ပြင်ဆင်ဖို့ အားလုံးကို တိုင်ပင်တယ်။ တိုင်ပင်ပြီးမှ စုပေါင်းပြုပြင်ကြတာပါ။ ရွာသူရွာသားတွေကလည်း အားတတ်သရော လုပ်အားပေးကြပါတယ်။ ဒါကတော့ ကိုယ့်ရပ်ရွာ အကျိုးအတွက် လုပ်ကြတာပဲ ဖြစ်ပါတယ်။ ဒီကျေးရွာတွေက ရဟန်းရှင်လူ ပြည်သူတွေ အသုံးပြုနေတဲ့လမ်းဖြစ်တယ်။ အရေးပေါ် ကိစ္စတွေမှာ လွယ်ကူလျှင်မြန်စွာ ကူညီမှုပေးနိုင်အောင် ပြုပြင်ကြတာပါ။ တာဝန်ရှိသူတွေကိုလည်း ပြုပြင်ခွင့်အတွက် တင်ပြထားပါတယ်။" ဟု မိန့်ကြားသည်။
ဆရာတော်ဦးဝါသဝ အနေဖြင့် ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှမြို့နယ်များတွင် ရပ်ရွာများတည်ငြိမ်အေးချမ်းရေး၊ အကြမ်းဖက်အန္တရာယ် ကင်းရှင်းရေး ဦးဆောင်၍ စည်းရုံးဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်ဘေးအန္တရာယ်ကာကွယ်ရေး ပြည်သူ့စစ်အဖွဲ့များကိုလည်း ဦးဆောင်ဖွဲ့စည်းပေးနိုင်ခဲ့သည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment