မချမ်းဘော့၌ အားကစားသရုပ်ပြပွဲနှင့်အသက်၁၈နှစ်အောက်(ပြေး ခုန်ပစ်)ပြိုင်ပွဲလူရွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မချမ်းဘော့၌ အားကစားသရုပ်ပြပွဲနှင့်အသက်၁၈နှစ်အောက်(ပြေး ခုန်ပစ်)ပြိုင်ပွဲလူရွေးပွဲကျင်းပ



MNP - စက်တင်ဘာ   ၃၀


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့ မြို့တွင်ကျောင်းသားလူငယ်များ ကိုယ်ကာယ ကြံ့ခိုင်လာစေရန်နှင့် အားကစားစိတ်ဓာတ်များ တိုးပွားလာစေရန်၊ ဘက်စုံတော်သော ကျောင်းသားကျောင်း သူများဖြစ်လာစေရန် ရည်ရွယ်၍ အားကစားသရုပ်ပြပွဲနှင့်အသက် ၁၈နှစ်အောက် (ပြေးခုန်ပစ်)ပြိုင်ပွဲလူရွေးပွဲကိုနမ်ခမ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ထရန်ဒမ်းအခြေခံ ပညာအထက်တန်း ကျောင်းတို့၌ စက်တင်ဘာလ ၂၉ ရက်နံနက် ၁၀ နာရီမှညနေ၃နာရီထိ ကျင်းပခဲ့ကြောင်းသိရသည်။


အဆိုပါသရုပ်ပြပွဲနှင့် ပြေးခုန် ပစ်လူရွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒေါ်ခင်လင်းစိန် နည်းပြ(နည်းစနစ်) ကရှင်းလင်း ပြောကြားကာအား ကစားသရုပ်ပြခြင်းများ၊ အသက် ၁၈နှစ်အောက်ပြေးခုန်ပစ်ပြိုင်ပွဲ လူရွေးပွဲကို အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နမ်ခမ်တွင် နံနက်၁၀နာရီမ ှနေ့လယ် ၁၂နာရီထိ လည်းကောင်း၊ အခြေခံပညာ အထက်တန်းကျောင်းထရန်ဒမ်း တွင်နေ့လယ်၁နာရီမှ ညနေ၃ နာရီထိ လည်းကောင်းကျင်းပခဲ့ကြောင်းသိရသည်။


အဆိုပါလူရွေးပွဲတွင် ရွေးချယ်ခံရသော ကျောင်းသားကျောင်းသားများသည် မြို့နယ်ပေါင်းစုံပြေး ခုန်ပစ်အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သွားကြရမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။     


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)