မုဒုံမြို့တွင် ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မုဒုံမြို့တွင် ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်

 


MNP - စက်တင်ဘာ   ၃၀


မွန်ပြည်နယ် မုဒုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှဖွင့်လှစ်သည့် ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်း ၅/၂၀၂၂ ကို ယမန်နေ့က မြို့မ (၄)ရပ်ကွက်ရှိ ဝိသုဒ္ဓါရုံ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ဖွင့်လှစ်သည်။


သင်တန်းတွင် လူမှုရေးစိတ်ဓာတ်ထက်သန်သည့် နိုးကြားတက်ကြွသော မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရန်၊ ရှေးဦးပြုစုခြင်း ပညာရပ်ဖြင့် စနစ်တကျပြုစု စောင့်ရှောက်တတ်စေရန်၊ သဘာဝဘေးအန္တရာယ် ကျရောက်ပါက လူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မုဒုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဒုတပ်ဖွဲ့မှူး ဦးအောင်ဆန်းထွန်းက ပြောသည်။


အဆိုပါသင်တန်းကို မြို့နယ်ကြက်ခြေနီအသင်းမှ နည်းပြခြောက်ဦးမှ ရှေးဦးပြုစုခြင်း အခြေခံသဘောတရား၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊လူနာဆန်းစစ်ခြင်း၊ အရေးကြီးလူနာခွဲခြားခြင်း၊ ထိခိုက်ဒဏ်ရာအမျိုးမျိုး၊ သွေးယိုစီးခြင်း၊ ဦးခေါင်းဒဏ်ရာ၊ ကျောရိုးတန်းမကြီးဒဏ်ရာ၊ အပူလောင်ခြင်း/ အရည်ပူလောင်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများ တုပ်ခြင်း၊ ကိုက်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ မူးမေ့ခြင်း၊ အရိုးကျိုးခြင်း၊ အရိုးအဆစ်အကြောထိခိုက်ဒဏ်ရာရခြင်း၊ ဆို့နစ်ခြင်း၊ အသက်ရှူအားကူခြင်းနှင့် နှလုံးနှိုးဆွခြင်း၊ လူနာသယ်ဆောင်နည်း၊ ပတ်တီးစည်းနည်းစသည့် သင်ခန်းစာများကို စာတွေ့၊ လက်တွေ့ဖြင့် သုံးရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ရာ သင်တန်းသား (၂၉)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။


သတင်း - သားငယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)