ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် မျက်ပါးရွှေသင်္ဃန်းကပ်လှူရေးအတွက် ဗဟိုဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် မျက်ပါးရွှေသင်္ဃန်းကပ်လှူရေးအတွက် ဗဟိုဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP - စက်တင်ဘာ  ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် တည်ထားကိုးကွယ်တော်မူသော ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် မျက်ပါးရွှေသင်္ဃန်းကပ်လှူရေးအတွက် ဗဟိုဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို အမှတ်(၇)ရပ်ကွက်ရှိ ဓမ္မသာလသုံးထပ်ဓမ္မာရုံံတွင် ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါအစည်းအဝေးကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇော်ဝင်းလှိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော  ဗဟိုဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများမှ မိမိတို့ကော်မတီအလိုက်လုပ်ငန်းများကို အသီးသီးရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ လိုအပ်သည်များဖြည့်စွက်မှာကြား၍   နိဂုံးချုပ်စကားပြောကြားကာ ဗုဒ္ဓသာသနံစိရတိဌတု သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်မျက်ပါးရွှေသင်္ဃန်းကပ်လှူရေးအတွက် ပုဇွန်တောင်မြို့နယ်သံဃနာယကဆရာတော်ကြီးများ၏ ဩဝါဒခံယူပြီး ဗဟိုဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများဖွဲ့စည်းကာ စနစ်တကျတာဝန်ခွဲယူ၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်း - ဟန်စုယဉ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)