မုံရွာမြို့၌ တန်ဖိုး သင့်စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့၌ တန်ဖိုး သင့်စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး



MNP - စက်တင်ဘာ  ၂၈


စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်စီစဉ်မှု၊ မုံရွာခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ကြီးကြပ်မှုနှင့်အတူ မုံရွာမြို့နယ် တန်ဖိုးသင့် စားသောက်ကုန်ရောင်းချရေးအဖွဲ့မှ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက်  တန်ဖိုးသင့်စားသောက်ကုန်များကို  အရောင်းဆိုင် ရွေ့လျားယာဉ်ဖြင့်  နေ့စဉ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နံနက်  ၉ နာရီခွဲမှ ၁၁ နာရီ အချိန်အထိ  မုံရွာမြို့ ဘုရားကြီးရပ်ကွက် ကမ်းနားလမ်း၌ အိမ်ထောင်စုပေါင်း ၂၅၀ ကို ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။


မုံရွာမြို့နယ် တန်ဖိုးသင့်စားသောက်ကုန် ရောင်းချရေးအဖွဲ့အနေဖြင့် အိမ်ထောင်စုတစ်စုအတွက် ဆန်တစ်ပြည်၊ ဆီတစ်ဆယ်ကျပ်သား၊ ကြက်သွန်နီ အစိတ်သား၊ အာလူး အစိတ်သားပါ ( ၄ )မျိုးအတွက် စုစုပေါင်း ကျသင့်ငွေကျပ်  ၃၀၀၀ နှုန်းဖြင့် ဒေသခံများ သက်သာချောင်ချိရေး ရောင်းချပေးလျက်ရှိရာ တစ်နေ့လျှင် အိမ်ထောင်စုပေါင်း ၂၅၀ ကို နေ့စဉ်ရောင်းပေးလျက်ရှိကြောင်းသိရပြီး အခြားသော မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မုံရွာမြို့နယ် တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချရေးအဖွဲ့ထံမှ သိရသည်။


အဆိုပါ တန်ဖိုးသင့် စားသောက်ကုန်များ စနစ်တကျ ရောင်းချခြင်းများကို ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက လိုက်လံကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


 မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)