ထန်းတပင်မြို့နယ်တွင် ဝန်ထမ်းများအား စားဝတ်နေရေးအဆင်ပြေစေရန် ဆန်တစ်ပြည် ၁၅၈၄/- ကျပ်နှုန်းဖြင့်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်မြို့နယ်တွင် ဝန်ထမ်းများအား စားဝတ်နေရေးအဆင်ပြေစေရန် ဆန်တစ်ပြည် ၁၅၈၄/- ကျပ်နှုန်းဖြင့်ရောင်းချပေး



MNP - စက်တင်ဘာ   ၂၈


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဆန်လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ဝန်ထမ်းများအားဆန်တစ်ပြည်လျှင် ၁၅၈၄/-ကျပ်နှုန်းဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ရောင်းချပေးရာတွင် ဝန်ထမ်းတစ်ဦးလျှင် ဆန်တစ်ပြည်နှင့်လေးလုံးနှုန်းဖြင့် ထန်းတပင်မြို့ပေါ် ဝန်ထမ်းများကို  ရောင်းချပေးလျက်ရှိပြီး ကျန်ရှိနေသောဝန်ထမ်းများကိုလည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ထန်းတပင်မြို့နယ်အတွင်းရှိဝန်ထမ်းများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ဆန်များရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှမြင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)