ပေါက်ခေါင်းမြို့နယ် မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာများမှ အသင်းသား၊ အသင်းသူများသို့ ချေးငွေကျပ် ၁၇၁၅ သန်း ထုတ်ချေးပေးခဲ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်ခေါင်းမြို့နယ် မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာများမှ အသင်းသား၊ အသင်းသူများသို့ ချေးငွေကျပ် ၁၇၁၅ သန်း ထုတ်ချေးပေးခဲ့




MNP - စက်တင်ဘာ   ၃၀


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့မှစတင်၍ ချေးငွေကာလပြည့်မြောက်သည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဝင် ကျေးရွာပေါင်း(၄၀)မှ အသင်းသား၊ အသင်းသူများကို မြစိမ်းရောင်ချေးငွေများ ပြန်လည်ထုတ်ချေးပေးခဲ့ရာ ယမန်နေ့က ချေးငွေများ အားလုံးထုတ်ပေးပြီးဖြစ်‌ကြောင်း သိရသည်။


အဆိုပါ မြစိမ်းရောင်စီမံကိန်းချေးငွေများ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးဇော် ဦးဆောင်၍ ဝန်ထမ်းများက ကျေးရွာများအရောက် သွားရောက် ထုတ်ပေးခဲ့ပြီး၊ ချေးငွေများ ပြန်လည်ထုတ်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းလုပ်ငန်းစဉ်များ၊ အတိုးနှုန်းနှင့် ချေးငွေကာလ သတ်မှတ်ချက်များနှင့် အသင်းသား၊ အသင်းသူများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ပြောကြားပြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာပေါင်း (၄၀)ရွာမှ အသင်းသား၊ အသင်းသူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်များ ပြုလုပ်ရန်အတွက် ချေးငွေကျပ်(၁၇၁၅)သန်းကို ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)