MNP - စက်တင်ဘာ ၃၀
နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် (၂၃)ကြိမ်မြောက်၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအတွက် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု အောင်နိုင်ရေးအလံပေးအပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတဝန်ကြီး ဦးတင်သန်းဝင်းက တိုင်းဒေသကြီးကိုယ်စားပြု အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ဖွင့်ပွဲပုံစံအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာလုပ်ငန်းဆပ်ကော် မတီအသီးသီးတို့က လုပ်ငန်းများအပေါ် ဝီရိယထား ဆောင်ရွက်ပေးကြစေလိုကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများအဆင်ပြေချောမွေအောင် အလေးထားဆောင်ရွက်သွားကြစေလို ကြောင်းစသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ အသီးသီးတို့က မိမိတို့ဆောင်ရွက်သွားကြရမည့် လုပ်ငန်းများ၊ အခက်အခဲများ၊ ဆက်လက်လုပ်ဆောင်သွားရမည့် လုပ်ငန်းအခြေအနေများကို ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးက လုပ်ငန်းအောင်မြင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment