ပင်လောင်းမြို့နယ်တွင် ဆီထွက်သီးနှံ မိုးနေကြာစိုက်ဧက တိုးချဲ့စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ်တွင် ဆီထွက်သီးနှံ မိုးနေကြာစိုက်ဧက တိုးချဲ့စိုက်ပျိုး

 



MNP - စက်တင်ဘာ  ၂၇


ပြည်တွင်း၌စားသုံးဆီ အလုံအလောက်ထုတ်လုပ်နိုင်ရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဒေသရာသီဥတု နှင့် ကိုက်ညီသော ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့်မိုးနေကြာအား ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် စိုက်ဧကများတိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။


ဆီထွက်သီးနှံ မိုးနေကြာအားပင်လောင်းမြို့နယ်တွင် ယခင်ကကျေးရွာအုပ်စု ၆ အုပ်စု၊ ကျေးရွာပေါင်း ၃၀ တွင် စိုက်ဧက ၅၂၀ ဧက စိုက်ပျိုးရန်လျာထားခဲ့သော်လည်း သီးထပ်၊ သီးညှပ် ပုံစံအမျိုးမျိုးဖြင့် မိုး၊ ဆောင်းရာသီမရွေး မျိုးစေ့ဈေးနှုန်းသက်သာစွာဖြင့်စိုက်ပျိုးနိုင်သောသီးနှံဖြစ်သဖြင့် ကျေးရွာအုပ်စု ၄ အုပ်စုမှကျေးရွာ ၉ ရွာတို့တွင်ထပ်မံတိုးချဲ့စိုက်ပျိုးခဲ့ကြသောကြောင့် စုစုပေါင်း ကျေးရွာအုပ်စု ၁၀ အုပ်စုနှင့် ကျေးရွာ ၃၉ ရွာတွင် တောင်သူပေါင်း ၂၁၄ ဦးတို့မှ စိုက်ပျိုးသည့် ဧကအနေဖြင့် သီးသန့်စိုက်ဧက ၇၀ ဧက၊သီးညှပ်စိုက်ဧက ၄၆၇ ဧကတို့အား စိုက်ပျိုးလာခဲ့ခြင်းကြောင့် လျာထားချက် ထက် ၁၇ ဧက တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။


ယခုအခါ ပင်လောင်းမြို့နယ်အတွင်းကျေးရွာအုပ်စု ၅ အုပ်စုတွင် တောင်သူပညာပေးစံပြကွက် ဧက ၂၀ နှင့် နေကြာမျိုးစေ့ထုတ်စိုက်ခင်းဧက ၅ ဧက ဆောင်ရွက်ထားရှိပြီး ဆောင်းနေကြာစိုက်ဧက တိုးချဲ့စိုက်ပျိုးရန်အတွက် မျိုးစေ့ထုတ်စိုက်ခင်း ၁၀ ဧကစိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင်ရွက် လျက်ရှိကြောင်း၊ စိုက်ပျိုးရေးတောင်သူများအနေဖြင့် အထွက်ကောင်းပြီး ရွက်ခြောက်ရောဂါဒဏ် ခံနိုင်သည့် ရေဆင်းစပ်မျိုး (၁) နေကြာ မျိုးကောင်း၊ မျိုးသန့်များ စိုက်ပျိုးနိုင်ရန်အတွက် မျိုးစေ့များ လိုအပ်ချက်ရှိပါက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးဖုန်း-၀၈၁ ၂၃၅၄၀၁၉၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်နိုင်(ဖုန်း-၀၉ ၉၆၈၆၈၃၃၁၁၊ ၀၉၇၈၈၃၄၃၄၃၈)သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရ သည်။


သတင်း - ထွန်းလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)