နမ္မတူမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ္မတူမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်



MNP - စက်တင်ဘာ  ၂‌၇


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အတွက် မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများ တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့က မေတ္တာရှင်ပရဟိတအသင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအခမ်းအနားတွင် နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးဝင်းမင်းထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ဒေသခံပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးရန် ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတားစသည့် ဒေသလိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းစေလိုကြောင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများတွင် အကြိမ်ပြည့်ထိုးနှံနိုင်ရေးနှင့် ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ ရောဂါကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ဦးဆောင်ဆွေးနွေးခဲ့သည်။ ထို့နောက် ဌာနဆိုင်ရာ အသီးသီးကလည်း မိမိဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပေါင်းစပ်ညှိနှိုင်းပေးရမည့် ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသော အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့်ရပ်မိရပ်ဖများက အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် အခြားသိရှိလိုသော အချက်များကို အပြန်အလှန်မေးမြန်းကာ သက်ဆိုင်ရာဌာနများက ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။


အဆိုပါတွေ့ဆုံညှိနှိုင်းပွဲအခမ်းအနားသို့ မြိုနယ်အဆင့်ဌာနဆိုင်များ၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ရပ်မိရပ်ဖများ (၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ချစ်ချစ်ပိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)