ဆီဆိုင်မြို့၌ တာရှည်ခံဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီဆိုင်မြို့၌ တာရှည်ခံဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေပေး



MNP - စက်တင်ဘာ   ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများထံသို့ တာရှည်ခံဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အောင်သပြေရပ်ကွက်၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ထိုသို့ဖြန့်ဝေပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများထံသို့ တာရှည်ခံ ဆေးစိမ်ခြင်ထောင်အလုံးရေ(၁၀၀)အား အခမဲ့ဖြန့်ဝေပေးခဲ့သည်။ ဆီဆိုင်မြို့နယ်အတွင်း ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများထံသို့လည်း ကျန်းမာရေး ဝန်ထမ်းများက တာရှည်ခံဆေးစိမ်ခြင်ထောင်များကို အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မျိုးမြတ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)