စဉ့်ကူးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ





MNP ၊ စက်တင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေ ကျေးရွာ (၄) ရွာသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁ဝ)နာရီက စဉ့်ကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။


ရှေးဦးစွာ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုး က နိုင်ငံ့လူဦးရေ (၆၀)%သည် ကျေးလက်နေ ပြည်သူများဖြစ်ပြီး မြို့ပြတွင်နေထိုင်သော လူဦးရေနဲ့ ဆင်းရဲမှုနှုန်းကွာဟမှုကို လျော့ကျစေရန်၊ လူမှုစီးပွားဘဝများ ဖွံဖြိုး တိုးတက်လာစေရန်၊ ဌာန၏ ရည်မှန်းချက်ဖြစ်သော ၂၀၃၀ ခုနှစ်တွင် ကျေးလက်နှင့်မြို့ပြ လူမှုစီးပွားဘဝ ကွာဟနေမှုကို ဖြေလျော့စေရန်၊ ဌာနနှင့် ကျေးလက်နေပြည်သူများ ပူပေါင်းဆောင်ရွက်တတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်မှ စီမံကိန်းရန်ပုံငွေများကို ချထားပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။


ထို့နောက် စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက (VDP) စီမံကိန်းဆောင်ရွက်မည့် ကျီတော်ကုန်းကျေးရွာ၊ ထီးကုန်းကျေးရွာ၊ ဇီးပင်ကုန်းကျေးရွာ၊ စားကျက်ကလေးကျေးရွာ စသည့် ကျေးရွာ (၄)ရွာတို့မှ ကျေးရွာစီမံကိန်းကော်မတီဝင်များထံသို့ စီမံကိန်း ရန်ပုံငွေ ကျပ်သိန်း (၁၀၀)စီအား လွှဲပြောင်းပေးအပ်ခဲ့သည်။ 


အဆိုပါ အခမ်းအနားသို့ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  ကျေးရွာများမှ စီမံကိန်း ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


တင်ဇာလွင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)