ပေါက်ခေါင်းမြို့ စည်ပင်သာယာဈေးကြီးရှေ့တွင် ဈေးရောင်း၊ ဈေးဝယ်နှင့်ရပ်ကွက်နေပြည်သူများအား ယာယီအခန်းဖွင့်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်းအကြိမ်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့ စည်ပင်သာယာဈေးကြီးရှေ့တွင် ဈေးရောင်း၊ ဈေးဝယ်နှင့်ရပ်ကွက်နေပြည်သူများအား ယာယီအခန်းဖွင့်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်းအကြိမ်ထိုးနှံပေး



MNP - စက်တင်ဘာ   ၂၃


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှု မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်က ပေါက်ခေါင်းမြို့ စည်ပင်သာယာဈေးကြီးရှေ့တွင် ဈေးရောင်း၊ ဈေးဝယ်နှင့်ရပ်ကွက်နေပြည်သူများအား  ကျန်းမာရေးဦးစီးဌာနမှ ယာယီအခန်းဖွင့်လှစ်၍ ကာကွယ်ဆေးထပ်ဆောင်းအကြိမ်ကို ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။


ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ဒုတိယအကြိမ်ထိုးနှံပြီး(၆)လပြည့်ပြီးသူနှင့် တတိယအကြိမ်ထိုးနှံပြီး(၆)လပြည့်ပြီးသူများကို ထပ်ဆောင်းအကြိမ်(Booster Does)တတိယနှင့်စတုတ္ထအကြိမ်များကို ကျန်းမာရေးဝန်ကြီးဌာနမှ စည်းကမ်းလမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက (Myancopharm) အမျိုးအစားကိုဗစ်-၁၉ ကာကွယ်ဆေးကို ဈေးရောင်း၊ ဈေးဝယ်နှင့်ရပ်ကွက်အတွင်းရှိပြည်သူများ ပထမအကြိမ် Booster ထိုးနှံသူ(၆၈)ဦး၊ ဒုတိယအကြိမ် Booster ထိုးနှံသူ(၇)ဦး စုစုပေါင်း(၇၅)ဦးကို ကျန်းမာရေးဆရာ၊ ဆရာမများက စနစ်တကျထိုးနှံပေးခဲ့သည်။ အဆိုပါကာကွယ်ဆေးထိုးနှံပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေးများထိုးနှံပေးသည့်အပြင် ဌာနဆိုင်ရာများပူးပေါင်း၍ ပြည်သူများအားအသိပညာပေးပြောကြားခြင်းနှင့်(Mask Campaign)ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)