နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဇေယျာသီရိမြို့နယ်အတွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဇေယျာသီရိမြို့နယ်အတွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေး




MNP - စက်တင်ဘာ   ၂၃


နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်း ဇေယျာသီရိမြိုနယ်အတွင်းရှိ အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို  ယမန်နေ့မွန်းလွဲပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက လုပ်ငန်းရှင်များ၏ တွေ့ကြုံရသည့် အခက်အခဲများ၊ လိုလားချက်များအပေါ် မှတ်တမ်းတင်ထားရှိပြီး သက်ဆိုင်ရာဌာနများဖြင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရင်ဆိုင်ကြုံတွေ့နေရသည့် လုပ်ငန်းအခက်အခဲများကို အခြေခံ၍ အသေးစားအလတ်စားလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်ငန်းရှင်အားလုံးကို အကျိုးရှိစေမည့် ကိစ္စရပ်များနှင့် လိုအပ်ချက်များအား ဝိုင်းဝန်းဆွေးနွေးတင်ပြကြရန် ပြောကြားသည်။ ထို့နောက် နေပြည်တော် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေး၊ နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာဆန်းထွန်းဝေ၊ နေပြည်တော် ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစစ်အောင်၊ နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဆွေတို့က သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးတင်ပြကြပြီး အသေးစားအလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ လုပ်ငန်းလိုအပ်ချက်များတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က တင်ပြ ချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)