ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးသင်တန်း(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးသင်တန်း(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကျင်းပ



MNP - စက်တင်ဘာ  ၂၃


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ကြီးမှူးကျင်းပသည့် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးသင်တန်း (၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခမ်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ကြည်မှ အဖွင့်အမှာစကားပြောကြားရာ၌ ၂၀၀၅ခုနှစ် စက်တင်ဘာလ ၁၃ရက်နေ့တွင် ပြဌာန်းခဲ့သည့် လူကုန်ကူးမှုတာဆီးကာကွယ်ရေး ဥပဒေအား ၁၆-၆-၂၀၂၂ ရက်နေ့တွင် ရုပ်သိမ်းခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၄၁/၂၀၂၂)ဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ လူကုန်ကူးမှုတား ဆီးနှိမ်နင်း ရေးဥပဒေကို ပြဌာန်းခဲ့ပါကြောင်းနှင့် လူကုန်ကူးမှုကိစ္စရပ်များနှင့်ပတ်သက်၍ အမျိုးသားရေး တာဝန် တစ်ရပ်အနေဖြင့် ပူးပေါင်းပါဝင် အကောင်အထည်ဖော် တိုက်ဖျက်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ရဲမှူးမြင့်အောင်က ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး သင်ခန်းစာများကို သင်ကြားပို့ချခဲ့သည်။ အဆိုပါ ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော် ထုတ်ရေးသင်တန်း(၁/၂၀၂၂)ကို ၂၂-၉-၂၀၂၂ ရက်နေ့မှ ၂၃-၉-၂၀၂၂ရက်နေ့အထိ (၂)ရက် ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးသန်းနိုင်ကျော်၊ ဦးသန်းငွေ၊ မြို့နယ်လဝကဦးစီးမှူး ဦးဝင်းသိန်း၊ နေပြည်တော်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ရဲမှူးမြင့်အောင်နှင့် သင်တန်းဆရာများ၊ သင်တန်းသား (၆၈)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - မျိုးသီဟ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)