သာစည်မြို့နယ် ကျွဲကျကျေးရွာတွင် အခြေခံပညာမူလတန်းကျောင်း(ခွဲ) ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သာစည်မြို့နယ် ကျွဲကျကျေးရွာတွင် အခြေခံပညာမူလတန်းကျောင်း(ခွဲ) ဖွင့်လှစ်

 



MNP - စက်တင်ဘာ  ၂၃


မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု ကျွဲကျကျေးရွာ အခြေခံပညာမူလတန်းကျောင်း(ခွဲ)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်း၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကျောင်းဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးစိုးဝင်းအောင်၊ မိတ္ထီလာခရိုင် ပညာရေးမှူးဒေါ်ခင်စန်းဦး၊ သာစည်မြို့နယ် ဒုတိယပညာရေးမှူး ဦးတင့်ဘော်၊ ဘုရားငါးဆူ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဒေါ်တင်တင်မြနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းခိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။


၎င်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုးဝင်းအောင်က အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူးက စနစ်သစ်ပညာရေး အကြောင်းနှင့် ဒုတိယမြို့နယ်ပညာရေးမှူးက ကျောင်းများဖွင့်လှစ်ပေးခြင်းနှင့် အဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်ရခြင်းအကြောင်းများကို ရှင်းလင်းပြောကြားသည်။


ထို့နောက် ရွာခွဲတာဝန်ခံဦးရွှေပြားက ကျောင်းဖွင့်ပွဲ အထိမ်းအမှတ်အလံများပေးအပ်ပြီး ကျောင်းအကျိုးတော်ဆောင်ဦးစိုးဦးက ကျေးဇူးတင်စကားပြောကြားသည်။ ယခင်က အခြားကျေးရွာများသို့ သွားရောက်ပညာသင်ယူရခြင်းနှင့် ကိုယ့်အားကိုယ်ကိုးဖြင့် ပညာသင်ယူခဲ့ကြရပြီး ယခုအခါ ကျောင်းဖွင့်ပြီး ကိုယ့်ရွာကိုယ့်ကျောင်း၌ ပညာသင်ယူနိုင်ပြီဖြစ်သည့်အတွက် ကျေးရွာသူ/သားများမှာ ပျော်ရွှင်ဝမ်းမြောက်လျက် ရှိကြောင်း၊ အဆိုပါကျောင်းတွင် ကျောင်းသား/သူ ၅၃ ဦး ပညာသင်ယူလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)