ပန်းတောင်းမြို့နယ် ကြို့ကုန်းကျေးရွာတွင် ဆောင်းနေကြာစိုက်ပျိုးထားသောတောင်သူအား စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းမေးမြန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ် ကြို့ကုန်းကျေးရွာတွင် ဆောင်းနေကြာစိုက်ပျိုးထားသောတောင်သူအား စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းမေးမြန်း

 



MNP - စက်တင်ဘာ   ၂၃


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ မကျီးထုံးအုပ်စု ကြို့ကုန်းကျေးရွာတွင် ဆောင်းနေကြာစိုက်ပျိုးထားသောတောင်သူအား စားသုံးသူရေးရာဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းမေးမြန်းခဲ့ကြောင်း သိရသည်။


ထို့နောက်ပန်းတောင်းမြို့နယ်၊ မကျီးထုံးအုပ်စု၊ ကြို့ကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၂၇ ကွင်းတွင် ဆောင်းနေကြာစိုက်ဧက ၃ ဧကစိုက်ပျိုးထားကြောင်းကို စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန်းသန်းအေးကမေးမြန်းရာ ဆောင်းနေကြာစိုက်တောင်သူဦးကြီးရွှေက ကျေးရွာအုပ်စုအနေဖြင့် ဆောင်းနေကြာ(၈၅)ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါဆောင်းနေကြာတစ်ဧကစိုက်ပျိုးလျှင် မျိုးစေ့အနေဖြင့် (၄)ပြည်စိုက်ပျိုးရကြောင်း၊ စိုက်နည်းစနစ်တွင် လက်ရှိစိုက်ဧက(၃)ဧကကို ကြဲပက်စိုက်ပျိုးထားပြီး နေကြာတစ်ပင်သက်တမ်း တစ်လခွဲခန့်ရှိ၍ အသီးအပွင့်များဝေဆာနေကြောင်း ဆောင်းနေကြာစိုက်တောင်သူ ဦးကြီးရွှေထံမှ သိရသည်။


သတင်း - သင်းသင်းအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)