ပြင်ဦးလွင်မြို့ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်းတွင် ပန်းအလှပြင်နည်းပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်းတွင် ပန်းအလှပြင်နည်းပို့ချ



MNP - စက်တင်ဘာ   ၂၃


အခမ်းအနားများပွဲများ ပြင်ဆင်ရာတွင် ပန်းများဖြင့် အလှပြင်ဆင်နည်း၊ ပန်းအလှထိုးနည်းများကို သိရှိစေရန်ရွယ်၍ ပြင်ဦးလွင်ခရိုင် ခရိုင်အမျိုးသမီးကော်မတီမှ ကြီးမှူး၍ ပန်းအလှပြင်နည်းသင်တန်းကို ယမန်နေ့မွန်းလွဲ (၁) နာရီက အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်းရှိ ပညာရတနာခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ နည်းပြဆရာများမှ ပန်းအလှပြင်ထိုးနည်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ပန်းများဖြင့် အလှပြင်ထိုးနည်းကို စနစ်တကျ လက်တွေ့ ပြင်ဆင်ထိုးပြပြီးနောက် ကျောင်းသား/ကျောင်းသူလေးများကလည်း လက်တွေ့စမ်းသပ် ပန်းအလှပြင်ဆင်ခဲ့ကြသည်။  


အဆိုပါသင်တန်းကို ပြင်ဦးလွင်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ဖွင့်လှစ်ခြင်းကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)