ချောင်းသာမြို့၌ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ထပ်ဆောင်း (Booster) ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းသာမြို့၌ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ထပ်ဆောင်း (Booster) ထိုးနှံပေး




MNP - စက်တင်ဘာ  ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ် ကာကွယ်ဆေး(Booster) ကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ချောက်းသာတိုက်နယ် ကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ကိုဗစ်ကာကွယ်ဆေး ထပ်ဆောင်း(Booster)ထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးစတင်မထိုးနှံမီ ကိုယ်အပူချိန် တိုင်းပေးခြင်း၊ လိုအပ်သည့် ကျန်းမာရေးကြည့်ရှု စောင့်ရှောက်မှုများ ပြုလုပ်ခြင်း၊ ကာကွယ်ဆေး ထိုးနှံပြီးသူများအား နာရီဝက်ခန့် နားနေစောင့်ကြည့်ခြင်းဖြင့် ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုန့်ပြန်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။


ချောင်းသာမြို့ရှိ ရပ်/ကွက်နှင့် ကျေးရွာများမှ သတ်မှတ်စုရပ်နေရာများတွင် သတ်မှတ်ရက်များ အလိုက် ထပ်ဆောင်း(Booster) ကာကွယ်ဆေးများကို ထိုးနှံပေးနေပြီး ယနေ့တွင် ချောင်းသာ မြို့ပေါ်ရှိ ရပ်ကွက်စုစုပေါင်း (၃)ခုမှ ပြည်သူများအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကျော်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)