ရန်ကင်းမြို့နယ်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ “ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့်တောင်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေး” ဆွေးနွေးပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့နယ်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ “ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့်တောင်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေး” ဆွေးနွေးပွဲအခမ်းအနား ကျင်းပ

 


MNP - စက်တင်ဘာ  ၃၀


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ “ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝမြှင့် တင်ရေးဆွေးနွေးပွဲ” အခမ်းအနားကို ယနေ့နံနက် ၀၉:၃၀ နာရီက ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရုံးချုပ်)၊ ရန်ကုန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စူးစမ်းလေ့လာရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးဦးထွန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝတိုးတက်လာရေးအတွက် ဆည်ရေဖြင့်စိုက်ပျိုးရေပေးဝေခြင်းတွင် ရေအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲပြီး၊ စိုက်ပျိုးရေပေးဝေမှု လုပ်ငန်းများမှာ ရေအသုံးချသူတောင်သူများ ကိုယ်တိုင်ပါဝင်သည့် ဆည်မြောင်းစနစ်သို့ ဦးတည်ဆောင်ရွက်နိုင်ရေးရည်ရွယ်ပြီး “ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေး” ဆွေးနွေးပွဲအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးဦးကျော်နိုင်ဦးမှ ဆွေးနွေးပွဲအစီအစဉ်များအကြောင်း သိကောင်းစရာများနှင့် ဆွေးနွေးပွဲမှရရှိလာသည့် ဗဟုသုတများကို တက်ရောက်လာကြသော ရေအသုံးချသူအဖွဲ့များမှ တောင်သူဦးကြီးများ အသေအချာလေ့လာမှတ်သားပြီး၊ ကိုယ်တိုင်လည်း လက်တွေ့အသုံးချ စေချင်ပါကြောင်း၊ ဆွေးနွေးပွဲမတက်ရောက်ခဲ့ရတဲ့ ရပ်ရွာက တောင်သူဦးကြီးများကိုလည်း တစ်ဆင့်ပြန်လည်မျှဝေပေးကြစေလိုကြောင်း၊ သို့မှသာ မပူးပေါင်းမပါဝင်ရသေးတဲ့ တောင်သူ ဦးကြီးများအားလုံး ပူးပေါင်းပါဝင်လာကြမှာဖြစ်ပြီး ရေအသုံးချသူများပါဝင်သော ဆည်ရေစီမံ ခန့်ခွဲမှုစနစ်ဆီသို့ အောင်မြင်စွာတက်လှမ်းနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


အခမ်းအနားသို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စူးစမ်းလေ့လာရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးထွန်းဝင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး၊ ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦး၊ ဌာနအသီးသီးမှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ရေအသုံးချသူများအဖွဲ့ဝင် တောင်သူလယ်သမားကြီးများနှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်


သတင်း - အိရွှေစင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)