MNP - စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဆောင်ရွက်လျက်ရှိသည့် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့သည် လားရှိုးမြို့ မန်ဆူဘုရားမှ လားရှိုးကြီးမီးပွိုင့် လမ်းဆုံအထိ ဆောင်ရွက်လျက်ရှိသော လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ရေနှုတ်မြောင်းများ တူးဖော်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်ဇင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
လားရှိုးမြို့တွင် မိုးရာသီအတွင်း တောင်ကျချောင်းရေများကြောင့် ရေကြီးရေလျှံမှုအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့တွင်းလမ်းများရှိရေမြောင်းများအတွင်းရှိ အမှိုက်များ ရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများတူးဖော်ခြင်း၊ လမ်းများအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - စိုင်းအောင်ကျော်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment