ကျောက်ဆည်မြို့ အမှတ်(၈) အခြေခံပညာမူလတန်းကျောင်း၌ (၂)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့ အမှတ်(၈) အခြေခံပညာမူလတန်းကျောင်း၌ (၂)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေး



MNP - စက်တင်ဘာ   ၃၀


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပညာရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား/ကျောင်းသများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အခြခံပညာ ကျောင်းများတွင် လိုအပ်လျက်ရှိသည့် ကျောင်းဝင်းကာရံခြင်းများ၊ကျောင်းဆောင်အသစ် ဆောက် လုပ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အမှတ်(၈)အခြေခံပညာ မူလတန်းကျောင်း၌ (RCC-၂ထပ်) ကျောင်း ဆောင်အသစ်(၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။


အဆိုပါကျောင်းဆောင်သစ်အားနိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေ(၂၃၂.၈၃၀)ကျပ်သန်းဖြင့် Yoon Dana Hiling ကုမ္ပဏီမှတာဝန်ယူကာ အလျား(၁၀၀)ပေ၊ အနံ(၃၀)ပေ၊ (RCC-၂ထပ်) ဆောက်လုပ်ပေးလျက် ရှိကြောင်းနှင့် ကျောင်းဆောင်အသစ် ရေရှည်တည်တံ့ခိုင်ရေးနှင့် သတ် မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြား ချက်များနှင့်အညီလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အမှတ်(၆)အခြေခံပညာမူလတန်းကျောင်း၌ (KG)အတန်းတွင် ကျောင်းသား၊ ကျောင်းသူ(၆၆)ဦး၊ (Grade-1) အတန်းတွင် (၈၃)ဦး၊ (Grade-2) အတန်းတွင် (၈၄)ဦး၊ (Grade-3) အတန်းတွင် (၅၇)ဦး၊ (Grade-4) အတန်းတွင်(၅၄)ဦး၊ (Grade-5) အတန်းတွင် (၅၃)ဦး စုစုပေါင်း(၃၉၇)ဦး ပညာသင်ယူလျက်ရှိကြောင်းနှင့် ကျောက်ဆည်မြို့နယ်တွင် အမက(၁၃၀)ကျောင်း၊ မူလွန်(၂၅)ကျောင်း၊ အလက (ခွဲ)(၉)ကျောင်း၊ အလ က(၂)ကျောင်း၊ အထက(ခွဲ)(၉)ကျောင်းနှင့် အထက(၁၁)ကျောင်း စုစုပေါင်း (၁၈၆)ကျောင်းရှိကြောင်း သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)