MNP ၊ စက်တင်ဘာ ၂၇
မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ဇင်းကျိုက်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူ များနှင့် အောင်ချက်အကောင်းဆုံး ကျောင်းများ ဆရာ/မ များအားဂုဏ်ပြုဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အထက ဇင်းကျိုက်မြို့ ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာမြို့အုပ်ချုပ်ရေးမှူး ဦးဝေတိုးအောင်က ကျောင်းသား/သူ များအနေဖြင့် ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် ရှေးဆက်ပြီး ပညာကိုရှာဖွေကြဖို့ အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်ပညာရေးမှုး ဒေါ်စန်းစန်းအေးက ၂၀၁၉ -၂၀၂၀ မှာကိုဗစ်ရောဂါကြောင့် ကျောင်းများပိတ်ခဲ့ရပြီး၂၀၂၀ -၂၀၂၁ မှာ အခက်အခဲများစွာနှင့်ကျောင်းတက်ခဲ့ရတဲ့အတွက် မိဘ၊ဆရာ၊ကျောင်းသားတွေ အခက်အခဲ များစွာ ရင်ဆိုင်ပြီးမှ ဒီအောင်မြင်မှုရခဲ့တဲ့ အတွက် အင်မတန် မွန်မြတ်တဲ့ အခမ်းအနားတစ်ခု ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်ဌေး က ဆုချီးမြှင့်ပွဲနှင့်ပတ်သတ်၍ ဆောင်ရွက်ထားမှုအား အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းအကျိုးတော်ဆောင်ဦးမြင့်အောင် ကကျေးဇူးတင်စကားပြောကြားပြီး တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်းသိရသည်။
တင်ဇာစိုး
https://t.me/MyanmarNationalPost







No comments:
Post a Comment