ဒီပဲယင်းမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားက စစ်ရေးပစ်မှတ်မဟုတ်သည့် မြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒီပဲယင်းမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားက စစ်ရေးပစ်မှတ်မဟုတ်သည့် မြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ


MNP ၊ စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားက စစ်ရေးပစ်မှတ်မဟုတ်သည့် မြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံးပြီး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား စက်တင်ဘာလ ၂၃ ရက်နေ့ ည ၈ နာရီခန့်တွင် ဒီပဲယင်းမြို့၏ အနောက်တောင်ဘက် မီတာ ၁၀၀၀ ခန့် အကွာမှနေ၍ PDF အကြမ်းဖက်အဖွဲ့အင်အား ၁၅ ဦးခန့်က လက်လုပ်စိန်ပြောင်းဖြင့် ၂ ချက်ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်မှုကြောင့် ဒီပဲယင်းမြို့၊ မြို့မရပ်ကွက်အနီး လယ်ကွက်အတွင်းသို့ လက်လုပ်စိန်ပြောင်းကျည် ၁ လုံးနှင့် မြို့မရပ်ကွက်၊ ယုဇနလမ်းရှိ ဦးမြင့်လှိုင် (၇၉)နှစ် (ဘ)ဦးဘအေး၏ နေအိမ်ပေါ်သို့ လက်လုပ်စိန်ပြောင်းကျည် ၁ လုံးတို့ အသီးသီးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ဦးမြင့်လှိုင်နှင့် ၎င်း၏သမီးဖြစ်သူ မချိုချိုဝင်း(၅၂)နှစ်၊ မြေးဖြစ်သူ မသော်ဇာမြင့်(၁၅)နှစ်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဒီပဲယင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှု ခံယူနေစဉ် မသော်ဇာမြင့်မှာ ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ယခင်ကလည်း PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် စစ်ရေးပစ်မှတ် မဟုတ်သည့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦများနှင့် လူနေအဆောက်အဦများအား လက်လုပ်စိန်ပြောင်းများဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ Drone များ အသုံးပြု၍ ဗုံးကျဲချခြင်းများ လုပ်ဆောင်ခဲ့ခြင်းကြောင့် အပြစ်မဲ့ပြည်သူအချို့ သေဆုံး/ဒဏ်ရာ ရရှိခဲ့သည်။

ဖြစ်စဉ်တွင် မြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)