ရွှေတောင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ သစ်ပင်လဲကျမှုကြောင့်လူနေအိမ် (၂)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးမှုအား ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ သစ်ပင်လဲကျမှုကြောင့်လူနေအိမ် (၂)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးမှုအား ထောက်ပံ့ငွေပေးအပ်




MNP - စက်တင်ဘာ   ၂၈


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် စက်တင်ဘာ ၂၆ နေ့က မိုးသည်းထန်စွာရွာသွန်း၍ သစ်ပင်လဲကျမှုကြောင့် လူနေအိမ်(၂)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးမှုအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မိုးသည်းထန်စွာရွာသွန်း၍ သစ်ပင်လဲကျမှုကြောင့်လူနေအိမ်(၂)လုံးဖြစ်သည့် ဦးဇော်မင်းလတ်အိမ်ထောင်စုရှိလူဦးရေ(၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၅၀,၀၀၀/-ကျပ်နှင့် ဆန်ရိက္ခာဘိုး ၈၄၀၀/-ကျပ်၊ ဦးရဲထွဋ်အိမ်ထောင်စုရှိလူဦးရေ(၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဘိုး ၅၀၀၀၀/-ကျပ်နှင့် ဆန်ရိက္ခာဘိုး ၄၂၀၀/-ကျပ် စုစုပေါင်း ၁၁၂,၆၀၀/ကျပ်ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)