ကဝမြို့နယ်၌ ရစ်ကံကြီးကျေးရွာအနီး၊ သံဒင်းချောင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကဝမြို့နယ်၌ ရစ်ကံကြီးကျေးရွာအနီး၊ သံဒင်းချောင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

 


MNP - စက်တင်ဘာ   ၂၈


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန်အတွက် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ရစ်ကံကြီး‌ကျေးရွာအနီး၊ သံဒင်းချောင်းတွင် ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားသို့ ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ ရေလုပ်သားကြီးများက သံဒင်းချောင်းအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်းသိရသည်။


ထိုသို့ငါးမျိုးစိုက်ထည့်ခြင်းကို ပဲခူးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပဲခူးခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနတို့၏ကြီးကြပ်မှုဖြင့် ငါးသယံဇာတမပြုန်းတီးစေရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးစားသုံးမှုမြင့်မားလာစေရေးတို့အတွက်ရည်ရွယ်၍ သံဒင်းချောင်းအတွင်းသို့(၂)လက်မအရွယ် ငါးမြစ်ချင်းကောင်ရေ(၁၅၀၀၀၀)နှင့် ငါးခုံးမကြီးကောင်ရေ(၅၀၀၀၀) စုစုပေါင်းငါးကောင်ရေ(၂၀၀၀၀၀)အား ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)